ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွဲ့စည်းမည့် မိုင်းရှူးခရိုင်တရားရုံး နှင့် နမ့်စန်ခရိုင်တရားရုံးများ ဆောက်လုပ်နိုင်ရန် လျာထားသည့် ရုံးမြေနေရာများ သွားရောက်ကြည့်ရှု့ခြင်း
ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွဲ့စည်းမည့် မိုင်းရှူးခရိုင်နှင့် နမ့်စန်ခရိုင်တို့တွင် ခရိုင် တရားရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် လွိွုင်လင်မြို့၊ မိုင်းရှူးမြို့နှင့် နမ့်စန်မြို့များသို့ (၉.၆.၂၀၂၂) ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။
ထိုသို့သွားရောက်ရာတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် ခရိုင်အဆင့်တရားရုံးများ မတည်ဆောက်မီ မိမိဌာနများရှိ အဆောက်အဦများတွင် ယာယီခရိုင်တရားရုံး ဖွင့်လှစ်နိုင်မည့် အဆောက်အဦများနှင့် အကျယ်အဝန်းကို လေ့လာခြင်း၊ ရုံးပေါင်းစုံရုံးခန်းများတွင် ယာယီခရိုင်တရားရုံး ဖွင့်လှစ်နိုင်ရေးတို့အတွက် လွိုင်လင်ခရိုင် တရားသူကြီး ဦးကျော်ကျော်မိုး ၊ နမ့်စန်မြို့နယ်တရားသူကြီး ဦးလှရွှေ ၊ မိုင်းရှူးမြို့နယ်တရား သူကြီး ဦးတိုးတက်အောင် နှင့် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများလိုက်ပါ၍ ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် လွိုင်လင်ခရိုင်တရားသူကြီး ဦးကျော်ကျော်မိုး၊ နမ့်စန်မြို့နယ်တရားသူကြီး ဦးလှရွှေ၊ မိုင်းရှူး မြို့နယ်တရားသူကြီး ဦးတိုးတက်အောင် တို့လိုက်ပါ၍ မိုင်းရှူးခရိုင်နှင့် နမ့်စန်ခရိုင်တို့တွင် ခရိုင်တရားရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော မြေနေရာအကျယ်အဝန်း (၂၀၀ ပေ _၃၀၀ ပေ) ၊ (၁.၅) ဧကခန့်ရှိ မြေနေရာရရှိနိုင်ရေးတို့အတွက် လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ နမ့်စန်မြို့နယ်အထေွထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ မိုင်းရှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့နှင့် တွေ့ဆုံဆွေးနွေးရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ခရိုင်စုပေါင်းရုံးများအတွက် လျာထားသည့် မြေနေရာများအား လိုက်လံရှင်း လင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်