အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၈.၆.၂၀၂၂)ရက်နေ့ (၁၁:၃၀) နာရီတွင် ကျေးသီးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်း သို့ သွားရောက်စစ်ဆေးခဲ့ရာ လွိုင်လင်ခရိုင်တရားသူကြီး ဦးကျော်ကျော်မိုး၊ ကျေးသီးမြို့နယ် တရားသူကြီး ဦးဒွန်းအောင် တို့လိုက်ပါ၍လည်းကောင်း၊ (၁၄:၃၀) နာရီတွင် မိုင်းရှူးမြို့၊ မြို့မ ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ လွိုင်လင်ခရိုင်တရားသူကြီး ဦးကျော်ကျော်မိုး၊ မိုင်းရှူးမြို့နယ်တရားသူကြီး ဦးတိုးတက်အောင် တို့လိုက်ပါ၍လည်းကောင်း သွားရောက်စစ် ဆေးခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရ ပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေး များ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်