အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၇.၆.၂၀၂၂)ရက်နေ့ (၁၃:၃၀) နာရီတွင် မိုင်းပန်မြို့၊ မြို့မရဲတပ်ဖွဲ့စခန်း သို့ သွားရောက်စစ်ဆေးခဲ့ရာ လင်းခေးခရိုင်တရားသူကြီး ဦးမျိုးဝင်း ၊ မိုင်းပန်မြို့နယ်တရား သူကြီး ဦးအာကာလင်းအောင် တို့လိုက်ပါ၍လည်းကောင်း၊ (၁၅:၃၅) နာရီတွင် လင်းခေးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ လင်းခေးခရိုင်တရားသူကြီး ဦးမျိုးဝင်း ၊ လင်းခေးမြို့နယ်တရားသူကြီး ဦးဟိန်းလွင်ထူး တို့လိုက်ပါ၍လည်းကောင်း၊ (၁၇:၀၀) နာရီ တွင် မိုးနဲမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ လင်းခေးခရိုင်တရားသူကြီး ဦးမျိုးဝင်း ၊ မိုးနဲမြို့နယ်တရားသူကြီး ဦးနိုင်လင်းအောင် တို့လိုက်ပါ၍လည်းကောင်း သွား ရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမို များပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါ အခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်