သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်လျော့နည်းကျဆင်းရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီး၊  ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်လျော့နည်းကျဆင်းရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

                       

          ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသတရားသူကြီး၊  ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်လျော့နည်း ကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန် လ  ၄ ရက် (စနေနေ့) နံနက် (၉:၀၀) နာရီတွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

          အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးတို့ မှ မှုခင်းစစ်ဆေးပြီးပြတ်မှုအခြေအနေတို့နှင့် ပတ်သက်သည့်အခြေအနေများကို Power Point ဖြင့် ရှင်း လင်းတင်ပြကြပြီး အစည်းအဝေးအား နေ့လည်(၁:ဝဝ)နာရီတွင် ခေတ္တရပ်နား၍ နေ့လည်(၂:ဝဝ)တွင် ပြန်လည်ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၁ ) ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးအောင်သိန်း နှင့် ပြည်နယ်တရားလွှတ်တော်တရား သူကြီး(၃) ဦးသန်းဦးလွင်တို့မှအမှုများနှင့်စပ်လျဉ်း၍ လမ်းညွှန်ပြောကြားခဲ့ပြီး ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်မှ ရှင်းလင်းရန်ကျန်ရှိသောအချက်များကို ပြန်လည်ရှင်းလင်းမှာကြား၍ နိဂုံး ချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ (၄:၀ဝ) နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိ ရပါသည်။

                             

                   ယင်းအစည်းအဝေးသို့  ရှမ်းပြည်နယ်တရားလွှတ်တော်မှ  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၃) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး (၃) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၂) ဦး၊ ဦးစီးအရာရှိ (၁) ဦး၊ တောင်ကြီးမြို့နယ်တရားရုံး မှတွဲဖက်မြို့နယ်တရားသူကြီး(၁)ဦးနှင့် တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယဦးစီးမှုး(၁)ဦး စုစုပေါင်း (၁၃)ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီး များ နှင့် မြို့နယ်တရားသူကြီးများ စုစု​ပေါင်း (၈၆) ဦးတို့ သည် Online မှတဆင့် တက်ရောက်ခဲ့ကြ ကြောင်း  သတင်းရရှိပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်