သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးနှင့်မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်ကျဆင်းရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီး၊  ခရိုင်တရားသူကြီးနှင့်မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်ကျဆင်းရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

                       

          ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသတရားသူကြီး၊  ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်ကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မေ လ  ၁၅ ရက် (တနင်္ဂနွေနေ့) နံနက်  (၉:၀၀) နာရီ တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးတို့ မှ မှုခင်းစစ်ဆေးပြီးပြတ်မှုအခြေအနေတို့နှင့် ပတ်သက်သည့်အခြေအနေများကို Power Point ဖြင့် ရှင်း လင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၁) ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးအောင်သိန်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူ ကြီး (၃) ဦးသန်းဦးလွင်တို့မှ အမှုများနှင့်စပ်လျဉ်း၍ လမ်းညွှန်ပြောကြားခဲ့ပြီး ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်မှ ရှင်းလင်းရန်ကျန်ရှိသော အချက်များကို ပြန်လည်ရှင်းလင်းမှာကြား၍ နိဂုံး ချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လည်(၁၂:၃ဝ)နာရီတွင်  ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

          ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (၂) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၂) ဦး ၊  ဦးစီးအရာရှိ (၁) ဦး၊ တောင်ကြီးမြို့နယ်တရား ရုံးမှ တွဲဖက်မြို့နယ်တရားသူကြီး (၁) ဦးနှင့် တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယဦစီးမှူး (၁) ဦး စုစုပေါင်း (၁၂)ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များ စုစု​ပေါင်း (၈၇) ဦးတို့သည် Online မှတဆင့် တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်