အကျဉ်းထောင်၊ စိုက်ပျိူး/မွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်းများသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၁.၄.၂၀၂၂) ရက်နေ့ နံနက် (၈:၅၀) နာရီတွင် ညောင်ရွှေမြို့၊ တောင် လေးလုံးအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရား လွှတ်တော်တရားသူကြီး ဦးသန်းဦးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်ခင်စိုးညွန့်နှင့် ဒုတိယခရိုင်တရားသူကြီး ဦးဝင်းမြင့်စိုးတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်းစခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်း လင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူဦးရေ၊ အကျဉ်းထောင်၌ အကျဉ်းသား/ အကျဉ်းသူများ ဝင်ဆန့်မှု ပိုမို များပြားနေခြင်း ရှိ/မရှိ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/မရှိ၊ သန့်ရှင်း သော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံ၊ ပြင်ဆင်တက် ရောက်မှု အခွင့်အရေးရရှိမှု ရှိ/မရှိ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုး သားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့် ရှောက်ပေးရေး၊ ဥပဒေပါ အခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ နှင့် အယူခံပြင်ဆင် မှုများ ကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာတရားရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် စသည်များကို စစ်ဆေးကြည့်ရှု့လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက်ဆက်လက်၍ နေ့လည် (၁၂:၀၀) နာရီတွင် တောင်လေးလုံး စိုက်ပျိူး/မွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်စခန်း သို့လည်းကောင်း၊ နေ့လည် (၁၄:၂၅) နာရီတွင် ဘန်းကန် စိုက်ပျိူး/မွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းသို့လည်းကောင်း၊ ညနေ(၁၆:၀၀)နာရီတွင် ထီးခမ်း စိုက်ပျိူး/မွေးမြူရေး နှင့် အသက်မွေးမှုအတတ်သင်စခန်းသို့လည်းကောင်း သွားရောက်စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ အတတ်သင်စခန်းများ ၌ အကျဉ်းသား/ အကျဉ်းသူများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ အကျဉ်းသား/ အကျဉ်းသူ ဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ/ သုံးရေ ရရှိမှုအခြေအနေ၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အတတ်သင်စခန်းတွင်း အကျဉ်းသား/ အကျဉ်းသူများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အတတ်သင် စခန်းတွင်း အကျဉ်းသား/ အကျဉ်းသူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ နှင့် အကျဉ်းသား/အကျဉ်းသူများရရှိသည့် လျော့ရက်များကို ဥပဒေနှင့်အညီမျှတစွာ ခံစားရရှိရေး ဆောင်ရွက်ရန်၊ အယူခံပြင်ဆင်မှုများကို ရှေ့နေဖြင့်တက်ရောက်စေသော်လည်း အကြောင်း ကြားမှုမရှိသည့်ကိစ္စများကို သက်ဆိုင်ရာတရားရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် စသည်များကို စစ်ဆေးကြည့်ရှု့ လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်