သတင်းများ

အချုပ်ထောင် သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အချုပ်ထောင် သွားရောက်စစ်ဆေးခြင်း    

 

                                                                                                               

      ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်        သည် (၇.၄.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် တောင်ကြီးမြို့၊ အချုပ်ထောင် သို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားလွှတ်တော်တရားသူကြီး ဦးသန်းဦးလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ  ဒုတိယခရိုင်တရားသူကြီး ဦးဝင်းမြင့်စိုးနှင့် တောင်ကြီးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်ထောင်တာဝန်ခံအရာရှိများမှ အချုပ်ထောင် နှင့်စပ်လျဉ်း၍ အချက်အလက်များကို လိုက်ပါရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် အချုပ်ထောင်၌ အကျဉ်းသား/ အချုပ်သားများ ဝင်ဆန့်မှုပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများ ရှိ/ မရှိ မေးမြန်း၍ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်း ညွှန်ချက်များနှင့်အညီ အကျဉ်းသား/အချုပ်သားများအား အချုပ်ထောင်တွင် ထိန်းသိမ်းထား ရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်ထောင်တွင်း အကျဉ်းသား /အချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးရေးအတွက် လမ်းညွှန် မှာကြားပြီး အချုပ်ထောင်တွင်း အကျဉ်းသား/ အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံ ရ မှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ