ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် အရေးကြီးမှုခင်းများ၊ ကြန့်ကြာသောမှုခင်းများ၊ စစ်ဆေးပြီးပြတ်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် လုပ်ငန်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂ ရက် (စနေနေ့) နံနက် (၉:၀၀) နာရီမှစပြီး Zoom application ကို အသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီးဆက်လက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများမှ မိမိတို့ရုံးများရှိ အရေးကြီးမှုခင်းများ၊ ကြန့်ကြာသောမှုခင်းများ၊ မှုခင်းများစစ်ဆေးပြီးပြတ်မှု တို့နှင့်ပတ်သက်သည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီး(၁)ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၂) ဦးအောင်သိန်း နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၃) ဦးသန်းဦးလွင်တို့မှ အရေးကြီးမှုခင်းများနှင့် စပ်လျဉ်း၍ လမ်းညွှန်ပြောကြားခဲ့ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်းရန်ကျန်ရှိသော အချက်များကို ပြန်လည်ရှင်းလင်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လည်(၁၂:၃ဝ)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည် နယ်တရားလွှတ်တော်တရားသူကြီး ( ၃ ) ဦး၊ ဒုတိယညွှန်ကြားရေးမှူး ( ၂ ) ဦး၊ လက်ထောက်ညွှန်
ကြားရေးမှူး ( ၃ ) ဦး၊ ဦးစီးအရာရှိ ( ၁ ) ဦး၊ တောင်ကြီးမြို့နယ်တရားရုံး မှ တွဲဖက်မြို့နယ်တရားသူကြီး ( ၁ ) ဦးနှင့် တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယဦစီးမှူး ( ၁ ) ဦး စုစုပေါင်း (၁၂) ဦး တို့သည်
ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း /ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ စုစုပေါင်း
( ၆၄ ) ဦးတို့သည် Online မှတဆင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်