သတင်းများ

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် သင်တန်းများပို့ချသည့် အခမ်းအနားကျင်းပပြုလုပ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်        

သင်တန်းများပို့ချသည့် အခမ်းအနားကျင်းပပြုလုပ်ခြင်း

                                              

          ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် စတင်အကောင်အထည်ဖော်ဆောင် ရွက်သည့် ရှမ်းပြည်နယ်တရားလွှတ်တော်အတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားရုံးဝန်ထမ်းများအား မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များပို့ချခြင်းနှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားအား (၁၂.၃.၂၀၂၂) ရက်နေ့၊ နံနက် ( ၉:ဝဝ)နာရီ  မှစတင်၍  Zoom application ကိုအသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

          အဆိုပါအခမ်းအနားတွင်  ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြား၍ သင်တန်းအားဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုသင်တန်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ရှမ်းပြည် နယ်တရားလွှတ်တော်အတွင်းရှိ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားရုံးဝန်ထမ်းများ အား မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက် အလက်များပို့ချခြင်းနှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်မှုအတွက် သင်တန်းမှုခင်းခြေရာကောက် စနစ်ဘာသာရပ်အား ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာရှင်၊ တရားရုံးစစ်တမ်းကောက်ယူခြင်းဘာသာရပ်အား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးမှ တိုင်း တရားသူကြီး ဦးလှိုင်မျိုးအောင်၊ တရားရုံးဝန်ဆောင်မှုဘာသာရပ်အား  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးမှ ဒေသတရားသူကြီး ဒေါ်ခင်စန်းလင်းတို့မှ သင်ကြားပို့ချခဲ့ပါသည်။

 

                   ယင်းအခမ်းအနားသို့  ရှမ်းပြည်နယ်တရားလွှတ်တော်မှ  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး  ( ၂ ) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး (၂) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၃) ဦး၊ ဦးစီးအရာရှိ (၂) ဦး၊ တောင်ကြီးမြို့နယ်တရားရုံး မှ ဒုတိယမြို့နယ်တရားသူကြီး (၁) ဦး၊ စုစုပေါင်း (၁၂) ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ မိုးမိတ်ခရိုင်တရားသူကြီး၊ ကျိုင်းတုံခရိုင်တရားသူကြီး၊ မိုင်းဆတ်ခရိုင် တရားသူကြီး၊ မက်မန်း/ မဘိမ်း/ ကုန်းကြမ်း/ ကျိုင်းတုံ/ မိုင်းခတ်/ မိုင်းယန်း/ မိုင်းပျဉ်း/ မိုင်းဆတ်/ မိုင်းတုံမြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများနှင့် သင်တန်းတက် ရောက်မည့် အမှုထမ်းများ စုစု​ပေါင်း ( ၃၀) ဦးသည် Online  မှတဆင့် တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိပါသည်။

 

                            

                                               ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ