ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့်ဟိုပုံးမြို့နယ်တရားရုံးဆောက်လုပ်နေမှုအခြေအနေအား သွားရောက်စစ်ဆေးကြည့်ရှု့ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁၅.၂.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံး နှင့် ဟိုပုံးမြို့နယ်တရားရုံးဆောက်လုပ်နေသည့် မြေနေရာသို့ ဆောက်လုပ်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီး ဒေါ်ခင်စိုးညွန့်၊ ဟိုပုံးမြို့နယ်တရားသူကြီး ဦးအောင်ရဲကျော် တို့လိုက်ပါခဲ့ ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံး ( ၂ ) ထပ် RC အဆောက်အဦဆောက်လုပ်ရန်အတွက် ဇွဲမာန်ဟုန်ကုမ္ပဏီမှ (၃.၁၂.၂၀၂၀) ရက်နေ့တွင် ကျပ်သန်း (၁၇၄၂.၇၄၈) ဖြင့်တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ် (ဆောက်လုပ်ရေး) ခေါင်းစဉ်အောက်မှ ကျပ် (၅၀၀) သန်းခွင့် ပြုခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်အောက်မှ ကျပ်(၂၅၀)သန်း ထပ်မံခွင့်ပြုခဲ့ပါသည်။ထိုသို့သွားရောက်စစ်ဆေးချိန်တွင် ဆိုက် တာဝန်ခံအင်ဂျင်နီယာ ဦးမင်းမင်းခိုင်၊ စီမံကိန်းမန်နေဂျာ(၁)ဒေါ်လှိုင်မော်ဝင်း နှင့် စီမံကိန်း မန်နေဂျာ(၂) ဦးထက်မြက်ခိုင်ဝင်း တို့မှဆောက်လုပ်ဆဲ အဆောက်အဦးနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေအား လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး နှင့် ဟိုပုံးမြို့နယ်တရားရုံး ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် လုပ်ငန်းစီမံချက်ဇယား ပါအတိုင်း ဆောင်ရွက်ထားကြောင်းတွေ့ရှိရပြီး စစ်ဆေးသည့်အချိန်တွင် လုပ်ငန်းတစ်ခုလုံး၏ ပြီးစီးရမည့် (၅၀)% အားပြီးစီးအောင် ဆောင်ရွက်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်း ရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်