သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၂)ကြိမ်မြောက်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၂)ကြိမ်မြောက်အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး

                                                          

          ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် အကြိုလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ  ၆  ရက် (တနင်္ဂနွေနေ့) နံနက်  (၉:၀၀) နာရီမှစပြီး  Zoom  application  ကို အသုံးပြု၍  Online Virtual Meeting  စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

          အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီးဆက်လက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး များ၊ ခရိုင်တရားသူကြီးများမှ မိမိတို့ရုံးများရှိ ရာဇဝတ်မှုခင်းများအခြေအနေ၊ (၁)နှစ်အထက် ကြန့်ကြာအချုပ်တရားခံစာရင်းများအခြေအနေ၊ ( ၂ )နှစ်အထက် ကြန့်ကြာခံဝန်မှုများ အခြေ အနေ၊ သီးသန့်တရားရုံးတွင် စစ်ဆေးလျက်ရှိသောမှုခင်းများအခြေအနေ၊ တရားမမှုခင်းများ အခြေအနေ၊ ( ၃ )နှစ်အထက်ကြန့်ကြာတရားမမှုများအခြေအနေ၊ ( ၃ )နှစ်အထက်ကြန့်ကြာ တရားမဇာရီမှုများအခြေအနေ၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော သက်သေခံမော် တော်ယာဉ်/ ဆိုင်ကယ်များနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုအခြေအနေ၊ ထောက်ပံ့/ ငွေစာရင်းနှင့် ဘတ်ဂျက် တို့နှင့်ပတ်သက်သည့် အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပါ        သည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းမှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား နေ့လည်(၁၂:ဝဝ)နာရီတွင် ခေတ္တရပ်နား၍နေ့လည်(၁:ဝဝ)တွင် ပြန်လည် ကျင်းပပြီး ညနေ (၄:ဝဝ) နာရီတွင် အစည်းအဝေးပြီးစီးခဲ့ကြောင်းသိရှိရပါသည်။

                 

                   ယင်းအစည်းအဝေးသို့  ရှမ်းပြည်နယ်တရားလွှတ်တော်မှ  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး  ( ၂ ) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး (၂) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၃) ဦး၊ ဦးစီးအရာရှိ (၂) ဦး၊ တောင်ကြီးမြို့နယ်တရားရုံး မှ တွဲဖက်မြို့နယ်တရားသူကြီး (၁) ဦး၊ စုစုပေါင်း (၁၂) ဦး တို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း /ဒေသတရားသူကြီး များ၊ ခရိုင်တရားသူကြီးများ ၊ မြို့နယ်တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစု​ပေါင်း ( ၆၄ ) ဦး သည် Online  မှတဆင့် တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိပါသည်။

 

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်