ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ လုပ်ငန်းဆိုင်ရာကိစ္စများမှာကြားခြင်း
ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် ( ၂၈.၁.၂ဝ၂၂ ) ရက်နေ့က ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီထွန်း နှင့် ကိုယ်ရေးအရာရှိ ဦးသန်းဇော်ထိုက်တို့လိုက်ပါ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တွဲဘက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့်တွေ့ ဆုံပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို မှာကြားခဲ့ပါသည်။
ထိုသို့တွေ့ဆုံမှာကြားရာတွင် (၂၈.၁.၂ဝ၂၂)ရက်နေ့၊ နေ့လည် (၈:၃၀) နာရီအချိန်တွင် လားရှိုးခရိုင်တရားရုံး၊ အစည်းအဝေးခန်းမ၌ လားရှိုးခရိုင်အတွင်းရှိ လားရှိုးခရိုင်တရားသူကြီး၊ ဒုတိယ ခရိုင်တရားသူကြီးများ၊ လားရှိုးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီး၊ သိန္နီမြို့နယ်တရားသူကြီး၊ တန့်ယန်းမြို့နယ်တရားသူကြီး၊ မိုင်းရယ် မြို့နယ်တရားသူကြီး၊ ကွမ်းလုံမြို့နယ်တရားသူကြီး၊ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲခရိုင်တရား သူကြီး၊ ဒုတိယခရိုင်တရားသူကြီးများ၊ ကျောက်မဲမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက် မြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ်တရားသူကြီး၊ နောင်ချိုမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ သီပေါမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ ဒုတိယမြို့နယ် တရားသူကြီး၊ နမ္မတူမြို့နယ်တရားသူကြီး၊ နမ့်ဆန်မြို့နယ်တရားသူကြီး၊ မန်တုံမြို့နယ်တရားသူကြီး၊ မူဆယ်ခရိုင်အတွင်းရှိ ဒုတိယခရိုင်တရားသူကြီး၊ မူဆယ်မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး၊ တွဲဖက်မြို့နယ်တရားသူကြီး၊ နမ့်ခမ်းမြို့နယ်တရားသူကြီး၊ ကွတ်ခိုင်မြို့နယ်တရားသူကြီး၊ မိုးမိတ် ခရိုင်အတွင်းရှိ မိုးမိတ်ခရိုင်တရားသူကြီး၊ မိုးမိတ်မြို့နယ်တရားသူကြီး၊ မဘိမ်းမြို့နယ်တရားသူကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ လောက်ကိုင် မြို့နယ်တရားသူကြီး၊ ကုန်းကြမ်းမြို့နယ်တရားသူကြီး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး၊ ဟိုပန်မြို့နယ်တရားသူကြီး စုစုပေါင်း(၃၆)ဦးတို့အား လမ်းညွှန်မှာကြားခဲ့သည်ဟု သိရှိရပါသည်။
ထိုသို့မှာကြားရာတွင် သက်ဆိုင်ရာတရားသူကြီးများက ၂ဝ၂၁ခုနှစ်အတွင်းမှ မိမိတို့ ရုံးအလိုက်မှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ သီးသန့်တရားရုံးထိုင်အမှုများ စွဲဆိုစစ်ဆေး ပြီးပြတ်မှုအခြေအနေ၊ အထူးမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ မှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေများကို တင်ပြကြပြီး ပြည်နယ်တရားသူကြီးချုပ်မှ သတင်းလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ လူလုံခြုံရေးဂရုစိုက်ကြရန်၊ ပြည်သူများနှင့် ပြောဆိုဆက်ဆံရာ တွင် ချေငံပျူငှာစွာ ဆက်ဆံကြရန်၊ အမှုများစစ်ဆေးစီရင်ရာတွင် ပြည်သူများ၏ အခက်အခဲများကို ညှာတာထောက်ထားရန်၊ အထက်အောက်အမိန့်နာခံမှုရှိရန်၊ မိမိတို့ဆက်စပ်အဖွဲ့အစည်းများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုရှိရန်၊ အထက်မှပေးအပ်သောအမိန့်များ အကောင်အထည်ဖော်မှုကို အချိန်နှင့်တပြေးညီတင်ပြရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင် ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်