လားရှိုးအကျဉ်းထောင်အား သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၇.၁.၂၀၂၂)ရက်နေ့နံနက်(၉:၀၀)နာရီတွင် လားရှိုးမြို့၊ အကျဉ်းထောင် သို့သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ လားရှိုးခရိုင်တရားသူကြီး ဦးဝင်းကိုကို၊ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်း၊ လားရှိုးမြို့နယ်တရားသူကြီး ဦးအောင်ကိုကို တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်းစခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူ ဦးရေ၊ ၎င်းတို့နေထိုင်စား သောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ / သုံးရေ ရရှိမှုအခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှု ရှိ/ မရှိ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့် ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး ဆက်လက်၍ အကျဉ်းထောင်အတွင်းဖွင့်လှစ်ထား သော သီးသန့်တရားရုံးများအား စစ်ဆေးကြည့်ရှု့ကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်