အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၆.၁.၂၀၂၂)ရက်နေ့ နံနက်(၈:၃၀)နာရီတွင် လားရှိုးမြို့၊ နယ်မြေရဲတပ်ဖွဲ့ စခန်းသို့လည်းကောင်း၊ နံနက်(၉:၃၀)နာရီတွင် လားရှိုးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့လည်းကောင်း၊ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ လားရှိုးခရိုင်တရားသူကြီး ဦးဝင်းကိုကို၊ ဒုတိယခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်း၊ လားရှိုးမြို့နယ်တရားသူကြီး ဦးအောင်ကိုကို တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်းတာဝန်ခံ အရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်း များ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေး ရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်း ဆောင် ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများဥပဒေပါ အခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များ ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်