ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ လုပ်ငန်းဆိုင်ရာကိစ္စများမှာကြားခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်သည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ တောင်ကြီး ခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တွဲဘက်မြို့နယ် တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်း လင်းမှာကြားသည့်အစည်းအဝေးကို ၂ဝ၂၂ခုနှစ်၊ဇန်နဝါရီလ(၂၂)ရက်၊ စနေနေ့၊ နံနက် (၁ဝ) နာရီ တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး များ၊ ခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားသူကြီးများ၊ တွွဲဘက်မြို့နယ်တရားသူကြီးများနှင့် ဒုတိယမြို့နယ်တရားသူကြီးများ စုစုပေါင်း(၃ဝ)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာတရားသူကြီးများက ၂ဝ၂၁ခုနှစ် အတွင်းမှ မိမိတို့ရုံးအလိုက် မှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ သီးသန့်တရားရုံးထိုင် အမှုများ စွဲဆို စစ်ဆေးပြီးပြတ်မှုအခြေအနေ၊ အထူးမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ ရွေးကောက်ပွဲ ဆိုင်ရာမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေများကို တင်ပြကြပြီး ပြည်နယ်တရား သူကြီးချုပ်မှ သတင်းလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ လူလုံခြုံရေးဂရုစိုက်ကြရန်၊ ပြည်သူများနှင့် ပြော ဆိုဆက်ဆံရာတွင် ချေငံပျူငှာစွာ ဆက်ဆံကြရန်၊ အမှုများစစ်ဆေးစီရင်ရာတွင် ပြည်သူများ၏ အခက်အခဲများကို ညှာတာထောက်ထားရန်၊ အထက်အောက်အမိန့်နာခံမှုရှိရန်၊ မိမိတို့ဆက်စပ် အဖွဲ့အစည်းများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုရှိရန်၊ အထက်မှပေး အပ်သောအမိန့်များ အကောင်အထည်ဖော်မှုကို အချိန်နှင့်တပြေးညီတင်ပြရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ကြရန် မှာကြားခဲ့ပြီး နံနက်(၁၁:၃ဝ) နာရီအချိန်တွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်