ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ လုပ်ငန်းဆိုင်ရာကိစ္စများမှာကြားခြင်း
ရှမ်းပြည်နယ်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်သည် (၁၄.၁.၂ဝ၂၂) ရက်နေ့မှစ၍ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီထွန်းနှင့် ကိုယ်ရေးအရာရှိ ဦးသန်းဇော်ထိုက်တို့လိုက်ပါ၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်အရှေ့အလယ်ပိုင်း အတွင်းရှိ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ တွဲဘက်မြို့နယ် တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို မှာကြားခဲ့ပါသည်။
ထိုသို့တွေ့ဆုံမှာကြားရာတွင် (၁၅.၁.၂ဝ၂၂)ရက်နေ့၊ နေ့လည်(၁၄)နာရီအချိန်တွင် မိုင်းဆတ်ခရိုင်တရားရုံး၌ မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်ခရိုင်တရားသူကြီး၊ မိုင်းဆတ် မြို့နယ်တရားသူကြီးနှင့် မိုင်းတုံမြို့နယ်တရားသူကြီး၊ စုစုပေါင်း(၃)ဦးတို့အားလည်းကောင်း၊ (၁၆.၁.၂ဝ၂၂)ရက်နေ့၊ နံနက်(၈)နာရီတွင် တာချီလိတ်ခရိုင်တရားရုံး၌ တာချီလိတ်ခရိုင်အတွင်းရှိ ခရိုင်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီး၊ မြို့နယ်တရားသူကြီးများနှင့် တွဲဘက်မြို့နယ် တရားသူကြီး၊ စုစုပေါင်း(၆)ဦးတို့အားလည်းကောင်း၊ (၁၈.၁.၂ဝ၂၂)ရက်နေ့၊ နေ့လည်(၁၂)နာရီ တွင် ကျိုင်းတုံခရိုင်တရားရုံး၌ ကျိုင်းတုံခရိုင်အတွင်းရှိ ခရိုင်တရားသူကြီး၊ ဒုတိယခရိုင် တရားသူကြီး၊ မြို့နယ်တရားသူကြီးများ၊ တွဲဘက်မြို့နယ်တရားသူကြီး၊ စုစုပေါင်း(၈)ဦးတို့အား လည်းကောင်း၊ (၂၀.၁.၂ဝ၂၂)ရက်နေ့၊ နံနက်(၈)နာရီတွင် နမ့်စန်မြို့နယ်တရားရုံး၌ လွိုင်လင် ခရိုင်တရားသူကြီး၊ လင်းခေးခရိုင်တရားသူကြီးနှင့် ထိုခရိုင်များအတွင်းရှိ မြို့နယ်တရားသူကြီးများ၊ စုစုပေါင်း (၁၃) ဦး တို့အားလည်းကောင်း လမ်းညွှန်မှာကြားခဲ့သည်ဟု သိရှိရပါသည်။ ထိုသို့မှာကြားရာတွင် သက်ဆိုင်ရာတရားသူကြီးများက ၂ဝ၂၁ခုနှစ်အတွင်းမှ မိမိတို့ ရုံးအလိုက်မှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ သီးသန့်တရားရုံးထိုင်အမှုများ စွဲဆို စစ် ဆေးပြီးပြတ်မှုအခြေအနေ၊ အထူးမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ ရွေးကောက်ပွဲ ဆိုင်ရာမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေများကို တင်ပြကြပြီး ပြည်နယ် တရားသူကြီးချုပ်မှ သတင်းလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ လူလုံခြုံရေးဂရုစိုက်ကြရန်၊ ပြည်သူများ နှင့် ပြောဆိုဆက်ဆံရာတွင် ချေငံပျူငှာစွာ ဆက်ဆံကြရန်၊ အမှုများစစ်ဆေးစီရင်ရာတွင် ပြည်သူများ၏ အခက်အခဲများကို ညှာတာထောက်ထားရန်၊ အထက်အောက်အမိန့်နာခံမှုရှိရန်၊ မိမိတို့ဆက်စပ်အဖွဲ့ အစည်းများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုရှိရန်၊ အထက်မှပေးအပ် သောအမိန့်များ အကောင်အထည်ဖော်မှုကို အချိန်နှင့်တပြေးညီတင်ပြရန်၊ ဥပဒေနှင့်အညီလွတ်လပ် စွာတရားစီရင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်