ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၀.၁.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) နာရီတွင် နမ့်စန်မြို့၊ မြို့မရဲတပ်ဖွဲ့ စခန်းသို့သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှလက်ထောက်ညွှန်ကြားရေး မှူး ဦးညီညီထွန်း၊ လွိုင်လင်ခရိုင်တရားသူကြီး ဒေါ်ဝင်းခင်မိုးဆင့်၊ နမ့်စန်မြို့နယ်တရားသူကြီး ဦးလှရွှေ တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ ကြောင်းသိရှိရပါသည်။ ထို့နောက်ဆက်လက်၍ ညနေ(၃:၀၀)နာရီတွင် လွိုင်လင်မြို့၊ မြို့မရဲ တပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်း၊ လွိုင်လင်ခရိုင်တရားသူကြီး ဒေါ်ဝင်းခင်မိုးဆင့်၊ လွိုင်လင်မြို့နယ် တရားသူကြီး ဒေါ်နန်းသိရိခင်ခင် တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိ များမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်း ထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သား များဥပဒေပါ အခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်