ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ ခရိုင်တရားသူကြီးများ၏(၁၉)ကြိမ်မြောက် အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅.၈.၂၀၂၀)ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ လမ်းညွှန်အမှာစကားပြောကြားပြီး တက်ရောက်လာ ကြသော ရှမ်းပြည်နယ်တရားရေးဦးစီးမှူးနှင့် ခရိုင်တရားသူကြီးများမှ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက်အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား နေ့လည် (၁၂း၀၀)နာရီတွင် ခေတ္တရပ်နား၍ တက်ရောက်လာကြသော တရားရေး အရာရှိများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
ထို့နောက် ဆက်လက်၍ နေ့လည်(၁း၀၀) နာရီအချိန်တွင်ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ (၁၉)ကြိမ်မြောက် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှု များအား ခရိုင်တရားသူကြီးများမှ ဆက်လက်တင်ပြဆွေးနွေးခဲ့ပြီး ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ လိုအပ်သည်များ လမ်းညွှန် မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ညနေ (၄း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တရားရေးအရာရှိများ ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပါသည်။


