သတင်းများ

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း        

                                                                                                               

                                              ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁၈.၁.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ အကျဉ်းထောင် သို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်၊ ဒုတိယခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေး နှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးကြည်ယု တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်းစခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်း ထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှု ရှိ/ မရှိ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့် ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက်ဆက်လက်၍(၁၈.၁.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင်ကျိုင်းတုံမြို့၊ မြို့မရဲ တပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်း၊ ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်၊ ဒုတိယခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေး နှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးကြည်ယုတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံ အရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့စစ်ဆေးရာ တွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေး ရေး၊ အချုပ်စခန်းတွင်းအချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်း တွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့် ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

                                                                                                                                                                      ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ