သတင်းများ

အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း 

         

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည်(၁၄.၁.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီတွင် ကွန်ဟိန်းမြို့၊ ကွန်ဟိန်း မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ လွိုင်လင်ခရိုင်တရားသူကြီး ဒေါ်ဝင်းခင်မိုးဆင့် ၊ လွိုင်လင် မြို့နယ်တရားသူကြီး ဒေါ်နန်းသီရိခင်ခင်နှင့် ကွန်ဟိန်းမြို့နယ်တရားသူကြီး ဦးသန့်ဇင်ဦး တို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်  ( ၁၆.၁.၂၀၂၂ ) ရက်နေ့ နံနက် ( ၉:၃၀ ) နာရီတွင် တာချီလိတ်မြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တာချီလိတ်ခရိုင်တရားသူကြီးဦးစံမြင့်၊ ဒုတိယခရိုင်တရား သူကြီး ဦးဘုန်းမော်နှင့် တာချီလိတ်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဆန်းတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေး မြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ အချုပ်သားများအား အချုပ်စခန်းတွင်ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမို ဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

                                                                                                                                                            ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ