သတင်းများ

အချုပ်ထောင်၊ အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အချုပ်ထောင်၊ အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင် သည်(၂၀.၁၂.၂၀၂၁)ရက်နေ့ နံနက်(၉:၁၅)နာရီတွင် တောင်ကြီးမြို့၊ တောင်ကြီးအချုပ်ထောင် သို့သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင်တရားသူကြီး ဒေါ်စန္ဒာအေးနှင့် တောင်ကြီးမြို့ နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်ထောင် တာဝန်ခံအရာရှိ များမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်  ( ၂၁.၁၂.၂၀၂၁ ) ရက်နေ့ နံနက် (၁ဝ:၄၅)နာရီတွင်တောင်ကြီးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီး ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေးနှင့် တောင်ကြီးမြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့ လိုက် ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါ သည်။ထို့နောက်ဆက်လက်၍ နံနက်(၁၁:၃၀)နာရီတွင် တောင်ကြီးမြို့၊ နယ်မြေရဲတပ်ဖွဲ့စခန်း သို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင်တရားသူကြီး ဒေါ်စန္ဒာအေးနှင့် တောင်ကြီးမြို့ နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်းတာဝန်ခံအရာရှိများ မှလိုက်ပါရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက် (၂၂.၁၂.၂၀၂၁)ရက်နေ့ နံနက်(၁ဝ:၃၀) နာရီတွင် ရပ်စောက်မြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင် တရားသူကြီး ဒေါ်စန္ဒာအေးနှင့် ရပ်စောက်မြို့နယ်တရားသူကြီး ဦးဇွဲနေလအေး တို့လိုက်ပါခဲ့ ပြီးသက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှလိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အချုပ်ထောင်နှင့် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြား နေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလ အတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက် အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီအချုပ်သားများအား အချုပ်စခန်းတွင်ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေး အတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့် အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု များ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါ သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ