ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး ဆောက်လုပ်ရေးလုပ်ငန်းအား စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁၉.၁၂.၂၀၂၁) ရက်နေ့ နံနက်(၁၁းဝဝ)တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် မြို့နယ်တရားရုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး ဒေါ်ခင်စိုးညွန့်လိုက်ပါပြီး ဇွဲမာန်ဟုန်ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုက ဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေး ပစ္စည်းများ တိုင်တာကြီးမြင့်မှု၊ အလုပ်သမားရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဘဏ်ငွေ ထုတ်မှုဆိုင်ရာ အခက်အခဲများကြောင့် မူလကပြီးစီးရန် သက်မှတ်သည့်ကာလထက် (၃)လနောက်ဆုတ် ပေးခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်အတွက် နောက်ထပ်ဘတ်ဂျက် ငွေသိန်း(၂၅၀၀)ကျပ် ထပ်မံခွဲဝေချထားပေးပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ မူလရေးဆွဲထားသော work schedule နှင့် ကိုက်ညီခြင်းမရှိသဖြင့် ၂၀၂၁-၂၀၂၂ခုနှစ် ဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်ပြီးဆုံးသည့် ကာလနှင့် ကိုက်ညီအောင် word schedule အသစ်ရေးဆွဲရန်လိုအပ်ပြီး ထို schedule အတိုင်း ကိုက်ညီအောင် လုပ်ငန်းများကိုဆောင်ရွက်ရန်လိုကြောင်း၊ quality control အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားကြောင်းသိရသဖြင့် လုပ်ငန်းအဆင့်တိုင်းတွင် (quality control) အစဉ်အမြဲဆောင်ရွက်ရန်လိုအပ်ကြောင်း ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ပထမထပ် ကွန်ကရစ်ကြမ်းခင်းပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ထိုကြမ်းခင်းပိုမိုခိုင်ခံ့မှုရှိအောင် လိုအပ်သော ရေပေးဝေမှုအတွက် ကြိုတင်စီစဉ်ထားရန်လိုကြောင်း မူလက ပင်မအဆောက်အဦ၏ ဘယ်ဘက်ခြမ်း (တောင်ဘက်ခြမ်း)တွင် လုံခြုံရေးဂိတ်နှင့် ယာဉ်ရပ်နားဆောင် ဆောက်လုပ်ရန်လျာထားသော်လည်း မြေပြင်အခြေအနေအရ ထိုသို့တည်ဆောက်ရန်မဖြစ်နိုင်သဖြင့် ပင်မအဆောက်အဦ၏ ယာဘက်ခြမ်း (မြောက်ဘက်ခြမ်း)တွင် လျာထားသော ထရန်စဖော်မာနှင့်မီးစက်တို့ကို ပင်မအဆောက်အဦ၏ ဝဲဘက်ခြမ်း(တောင်ဘက်ခြမ်း)သို့ ရွေးရန်နှင့် ပင်မအဆောက်အဦ၏ဝဲဘက်အခြမ်း(တောင်ဘက်ခြမ်း) လျာထားသော လုံခြုံရေးဂိတ်နှင့်ယာဉ်ရပ်နားဆောင်အား ပင်မအဆောက်အဦ၏ ယာဘက်ခြမ်း (မြောက်ဘက်ခြမ်း)သို့ ရွှေ့ပြောင်းတည်ဆောက်ရန် လုပ်ငန်းခွင်အန္တာရယ်ကင်းရှင်းရေး ဆောင်ရွက်ရန် ဆောက်လုပ်ရေးအလုပ်သမားများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီး လုပ်ငန်းခွင်တွင် ကိုဗစ်စည်းကမ်းနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့ပြီး နေ့လည်(၁၂းဝဝ)နာရီတွင် ပြန်လည်ထွက်ခွာ ခဲ့ပါသည်။