ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လ ၃၀ ရက် (စနေနေ့) နံနက် (၁၀:၀၀) နာရီမှစပြီး Zoom application ကို အသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီးဆက်လက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး များ၊ ခရိုင်တရားသူကြီးများမှ မိမိတို့ရုံးများရှိ ရာဇဝတ်မှုခင်းများအခြေအနေ၊ (၁)နှစ်အထက် ကြန့်ကြာအချုပ်တရားခံစာရင်းများအခြေအနေ၊ ( ၂ )နှစ်အထက် ကြန့်ကြာခံဝန်မှုများ အခြေ အနေ၊ သီးသန့်တရားရုံးတွင် စစ်ဆေးလျက်ရှိသောမှုခင်းများ အခြေအနေ၊ တရားမမှုခင်းများ အခြေအနေ၊ ( ၃ )နှစ်အထက်ကြန့်ကြာတရားမမှုများအခြေအနေ၊ ( ၃ )နှစ်အထက်ကြန့်ကြာ တရားမဇာရီမှုများအခြေအနေ၊ ကြားနာစစ်ဆေးဆဲတရားမအပေါင်မှုများအခြေအနေ၊ ကြားနာ စစ်ဆေးဆဲ တရားမဇာရီအပေါင်မှုများအခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါ သည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်းမှ တရားစီရင် ရာတွင်တွေ့ကြုံရသောအမှားများ၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ပြောကြားပြီး ပြည်နယ် တရားသူကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးကို နေ့လည် (၁၂:ဝဝ) နာရီတွင် ခေတ္တရပ်နား၍ နေ့လည် (၁:ဝဝ)တွင် ပြန်လည်ကျင်းပပြီး ညနေ (၄:ဝဝ) နာရီတွင် အစည်းအဝေးပြီးစီးခဲ့ကြောင်းသိရပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ( ၂ ) ဦး၊ ဒုတိယညွှန်ကြားရေးမှူး ( ၂ ) ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး (၂) ဦး၊ ဦးစီးအရာရှိ (၁)ဦး၊ တောင်ကြီးမြို့နယ်တရားရုံးမှ တွဲဖက်မြို့နယ်တရားသူ ကြီး (၁)ဦး၊ စုစုပေါင်း(၉)ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင်လည်း ကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ဦးစီးအရာရှိ (၁) ဦးတို့သည်ပြည်နယ်တရားရေးဦးစီးမှူး ရုံးခန်းတွင်လည်းကောင်း Online မှတဆင့် တက်ရောက်ခဲ့ကြပြီး ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၊ ဒုတိယမြို့နယ်တရားသူကြီးများ၊ ဒုတိယဦးစီးမှူးများ စုစုပေါင်း ( ၉၁ ) ဦးသည် Online မှတဆင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်