သတင်းများ

(၁)နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃)နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေနှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး

(၁)နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃)နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေနှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး

                                              

          (၁) နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃) နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေ နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ ရှမ်းပြည်နယ်တရား ရေးဦးစီးမှူး၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရား သူကြီးများ၊ ခရိုင်တရားသူကြီးများမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးထံ ရှင်းလင်းတင်ပြသည့် အစည်းအဝေးအား (၁၃.၁ဝ.၂ဝ၂၁) ရက်နေ့၊ နေ့လည် (၂:ဝဝ) မှစတင်၍  Zoom application ကိုအသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရား လွှတ် တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

                 အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဦးစီးအရာရှိ ဒေါ်သင်းသီရိဝင်း ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး ဦးလှိုင်မျိုးအောင်နှင့် တိုင်းအတွင်းရှိ မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဦးအောင်သိန်းဦးနှင့် ဒေသအတွင်းရှိမြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊ လားရှိုးခရိုင် တရားသူကြီး ဦးကျော်လှိုင်နှင့် ခရိုင်အတွင်းရှိမြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊  မူဆယ်ခရိုင်တရားသူကြီး ဦးစိုးမြင့်နှင့် ခရိုင်အတွင်းရှိမြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊ ကျောက်မဲခရိုင်တရားသူကြီး ဦးမောင်မောင်အေးနှင့် ခရိုင်အတွင်းရှိမြို့နယ်တရားရုံးများမှ မြို့နယ် တရားသူကြီးများ၊ မိုးမိတ်ခရိုင်တရားသူကြီး ဦးအေးနိုင်နှင့် ခရိုင်အတွင်းရှိမြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများ၊ မိုင်းဆတ်ခရိုင်တရားသူကြီး ဦးသက်ထွန်းနှင့် ခရိုင်အတွင်းရှိမြို့နယ်တရား ရုံးများမှ မြို့နယ်တရားသူကြီးများ၊ တာချီလိတ်ခရိုင်တရားသူကြီး ဦးစံမြင့်နှင့် ခရိုင်အတွင်းရှိမြို့နယ် တရားရုံးများမှ မြို့နယ်တရားသူကြီးများ နှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့ တက်ရောက်ခဲ့ပါသည်။

 

                 အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေး ထံ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ ရှမ်းပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများမှ(၁)နှစ်ထက်ကြန့်ကြာ ရာဇဝတ်မှုများနှင့်(၃)နှစ်ထက် ကြန့်ကြာတရားမမှုများ အခြေအနေနှင့့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးမှ  လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 

                                                                                          ရှမ်းပြည်နယ်တရားလွှတ်တော်