တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်၊ ကော့သောင်းခရိုင်တရားရုံးသို့ ပြောင်းရွှေ့တာ ဝန်ထမ်းဆောင်မည့် ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာကျော်၏ နှုတ်ဆက်ပွဲအခမ်းအနားအား ရှမ်းပြည်နယ်တရား လွှတ်တော်အစည်းအဝေးခန်းမ၌(30.6.2020)ရက်နေ့ နံနက်(9:00)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှနှုတ်ဆက်အမှာစကားပြောကြားပြီး ပြည်နယ်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရား သူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တောင်ကြီးခရိုင်တရားရုံးမှ အရာထမ်းများ၊ တောင်ကြီးမြို့နယ်တရားရုံးမှ အရာထမ်းများနှင့် ပြည်နယ်တရားရေးဦးစီးမှုးရုံးမှ အရာထမ်း၊ အမှုထမ်းများကိုယ်စားပြည်နယ်တရားရေးဦးစီးမှူး တို့မှ လက်ဆောင်ပစ္စည်းများအသီးသီးပေးအပ်ကြပါသည်။