တရားရုံးအဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုအခြေအနေ၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် ဘဏ်ပေါင်မှုများအခြေအနေနှင့့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး
ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုအခြေအနေ၊ သက်သေ ခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် ဘဏ်ပေါင်မှုများအခြေအနေနှင့့်စပ်လျဉ်းသည့် အစည်းအဝေးအား (၁၇.၉.၂ဝ၂၁) ရက်နေ့၊ နံနက် ( ၁၀:ဝဝ)နာရီ မှစတင်၍ Zoom application ကိုအသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးသို့ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရား လွှတ်တော်မှဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာရှင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်၊ ပြည်နယ်အတွင်း ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ နှင့် မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများမှ ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးအဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုအခြေအနေ၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် ဘဏ်ပေါင်မှုများ အခြေ အနေနှင့့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးမှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်