(၁) နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃) နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေ နှင့်စပ်လျဉ်းသည့် အစည်းအဝေးအား (၁၅.၉.၂ဝ၂၁) ရက်နေ့၊ နံနက် ( ၁၀:ဝဝ) နာရီ မှစတင်၍ Zoom application ကိုအသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ် တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရား လွှတ်တော်မှဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာရှင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများတက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်၊ ပြည်နယ်အတွင်း ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ နှင့် မြို့နယ်တရားရုံးများမှ မြို့နယ်တရားသူကြီးများမှ (၁) နှစ်ထက် ကြန့်ကြာရာဇဝတ်မှုများနှင့် (၃) နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေနှင့့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးမှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်