သတင်းများ

သီးသန့်တရားရုံးတွင် စစ်ဆေးသောမှုခင်းများနှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး
Post Image

သီးသန့်တရားရုံးတွင် စစ်ဆေးသောမှုခင်းများနှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး

                                              

                 သီးသန့်တရားရုံးတွင် စစ်ဆေးသောမှုခင်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးအား (၇.၁ဝ.၂ဝ၂၁) ရက်နေ့၊ နံနက် (၁ဝ:ဝဝ) နာရီအချိန်တွင် ရှမ်းပြည်နယ်တရား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

                 အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာရှင်၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေး၊ ဒုတိယခရိုင်တရားသူကြီး ဦးဇော်မင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်ခင်စန်းလင်း၊ တောင်ကြီးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုး၊ တွဲဖက်မြို့နယ် တရားသူကြီး ဦးပြည့်ဖြိုးအောင်၊ ကလောမြို့နယ်တရားသူကြီး ဒေါ်အေးလဲ့စန္ဒီမြင့်၊ ပင်းတယမြို့နယ် တရားသူကြီး ဒေါ်စိုးပွင့်ဖြူနှင့် ရွာငံမြို့နယ်တရားသူကြီး ဒေါ်ဖြိုးကေသီလှိုင်တို့တက်ရောက်ခဲ့ပါသည်။

 

                 အဆိုပါအစည်းအဝေးတွင်ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် မှ သီးသန့်တရားရုံးတွင် စစ်ဆေးသောမှုခင်းများနှင့်စပ်လျဉ်း၍ မြန်မြန်ဆန်ဆန်စစ်ဆေးဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

                                                                                                   ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ