သတင်းများ

(၁)နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃)နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေနှင့့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး

(၁)နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃)နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေနှင့့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး

                                              

          (၁) နှစ်ထက်ကြန့်ကြာရာဇဝတ်မှုများနှင့် (၃) နှစ်ထက်ကြန့်ကြာတရားမမှုများ အခြေအနေ နှင့့်စပ်လျဉ်း၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ ရှမ်းပြည်နယ်တရား ရေးဦးစီးမှူး၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရား သူကြီးများ၊ ခရိုင်တရားသူကြီးများမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးထံ ရှင်းလင်းတင်ပြသည့် အစည်းအဝေးအား (၆.၁ဝ.၂ဝ၂၁) ရက်နေ့၊ နေ့လည် (၂:ဝဝ) မှစတင်၍  Zoom application ကိုအသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

                 အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာရှင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင် တရားသူကြီး ဒေါ်စန္ဒာအေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်ခင်စိုးညွန့်၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်ခင်စန်းလင်း၊ လင်းခေးခရိုင်တရားသူကြီး ဒေါ်စမ်းစမ်းရီ၊  လွိုင်လင်ခရိုင်တရားသူကြီး ဒေါ်ဝင်းခင်မိုးဆင့်၊ ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်၊ တောင်ကြီးမြို့ နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုး နှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့ တက်ရောက်ခဲ့ ပါသည်။

 

                 အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေး ထံ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ ရှမ်းပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများမှ(၁)နှစ်ထက်ကြန့်ကြာ ရာဇဝတ်မှုများနှင့်(၃)နှစ်ထက် ကြန့်ကြာတရားမမှုများ အခြေအနေနှင့့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီး ဦးသာဌေးမှ  လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 

                                                                                                   ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ