တောင်ကြီးတက္ကသိုလ်၌ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ် မဟာဗျုဟာလုပ်ငန်းအစီအစဉ် (၂၀၂၆)၊ မဟာဗျုဟာအစီစဉ် ၅.၃.၁အရ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေးအတွက် ရည်ရွယ်၍ “တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ အသိပညာ ပေးဆွေးနွေးပွဲ” ကို ယနေ့နံနက်က တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမတွင် ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးက အဖွင့်မိတ်ဆက်အမှာစကားပြောကြားပြီး စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက “တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးမိတ်ဆက်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်စိုးက “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်သိန်းသိန်းဌေးနှင့် တရားရေးအရာရှိများ၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်အေးအေးသန့်၊ ဒုတိယပါမောက္ခချုပ်များ၊ ဥပဒေပညာဌာနမှ ပါမောက္ခများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း ( ၃၀၉ )ဦး တက်ရောက်ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်