(၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ / ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ၂၅.၇.၂၀၂၆ ရက် (စနေနေ့) နံနက် (၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့် အမှာစကားပြောကြားရာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်၏ တရား စီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနက ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များအား စသည်တို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး များနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြား သည့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာ၊ ဘတ်ဂျက်နှင့်ထောက်ပံ့၊ လေ့ကျင့်ရေးအစရှိသည့် ဌာနအသီးသီးမှ မှာကြားချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ရှမ်းပြည်နယ်တရားလွှတ်တော်၊ မှတရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်း တရားရေးအရာရှိ (၁၀၉)ဦး တက်ရောက်ခဲ့ ကြသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်