သတင်းများ

ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း
Post Image Post Image Post Image Post Image

ဂုဏ်ပြုဆုပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

          ရှမ်းပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်တရားရုံး၊ တောင်ကြီးမြို့နယ်တရားရုံး တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏သား/သမီးများအနက် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊Grade 12 တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ (၃)ဦးအား ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို ၂၄.၇.၂၀၂၆ ရက်နေ့၊ ညနေ(၁၅:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး အပါအဝင် အရာထမ်း၊ အမှုထမ်း၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် Grade 12 တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ (၃)ဦးအား ဂုဏ်ထူး(၁)ဘာသာလျှင် ငွေကျပ်- ၁၀၀၀၀ဝိ/- နှုန်းဖြင့် ကျောင်းသား/ကျောင်းသူ (၃)ဦး အတွက် စုစုပေါင်း ငွေကျပ်- ၁၀၀၀၀၀ဝိ/- ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်