ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခြင်း
၂၂.၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ တောင်ကြီးမြို့၊ ဓမ္မရတနာကျောင်းတိုက်မှ သံဃာတော် ၅ ပါးအားပင့်ဖိတ်၍ ဆွမ်း၊ သင်္ကန်းအစရှိသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်တရားရုံး၊ တောင်ကြီးမြို့နယ် တရားရုံးတို့ရှိ အရာထမ်း၊ အမှုထမ်းများမှ တက်ရောက်ကုသိုလ်ယူပြုလုပ်သည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပင့်ဖိတ်ထားသည့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်း၊ သင်္ကန်းအစရှိသည့်လှူဖွယ်ဝတ္ထူအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဆိုသည့် ပရိတ်တရားတော်များ နာယူခြင်း တို့ကို ကုသိုလ်ယူကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်