သတင်းများ

အချုပ်စခန်းသွားရောက်စစ်ဆေးခြင်း
Post Image

ရှမ်းပြည်နယ်တရားလွှတ်တော်ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၈.၅.၂၀၂၁) ရက်နေ့ နံနက် (၉:၃၀) နာရီတွင် တောင်ကြီးမြို့နယ်၊ ဘန်းကန်စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ လည်းကောင်း၊  နံနက် (၁၀:၃၀) နာရီအချိန်တွင် ရပ်စောက်မြို့၊ ထီးခမ်းစိုက်ပျိုးရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ လည်းကောင်းသွား ရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေး၊ ရှမ်းပြည် နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီထွန်း နှင့် တောင်ကြီးခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးဇော်မင်း တို့လိုက်ပါခဲ့ပြီး  သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများက လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် နံနက် (၁၂:၃၀) နာရီအချိန်တွင် ရပ်စောက်မြို့၊ မြို့မရဲစခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီး ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေး၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက် ထောက်ညွှန်ကြားရေးမှူးဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးဇော်မင်းနှင့် ရပ်စောက်မြို့နယ်တရားသူကြီး ဦးဇွဲနေလအေး တို့လိုက်ပါခဲ့ပြီး  သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများက လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထို သို့ စစ်ဆေးရာတွင် ရဲတပ်ဖွဲ့အချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/မရှိ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေး မြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ အချုပ်သားများအား အချုပ်ခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမို ဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းထားရှိမှုအခြေအနေ၊ အချုပ်သားများ ဥပဒေပါ အခွင့်အရေးများရရှိမှု ရှိ/မရှိ၊ အချုပ်ခန်းအတွင်းလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်








နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ