ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း
၁၉.၆.၂၀၂၆ ရက်နေ့၊ ညနေ(၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် ဦးဆောင်လျက် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်နှင့် ရှမ်းပြည်နယ်တရားလွှတ်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၆၀)ဦး၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ အတွက် ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်သည်။
၎င်းနောက် ဝန်ထမ်းတစ်ဦးလျင် ကြက်ဥ ၁၅ လုံး၊ အာလူးသီး ၁ ပိဿာ၊ ဂေါ်ဖီထုပ် ၁ ထုပ်နှင့် ပဲသီး ၂၅ ကျပ်သားစီ ထောက်ပံ့ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်