တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ
လုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ “ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ” နှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်းများ လုပ်ငန်းပိုမိုကျွမ်းကျင်စေရန် အတွက် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၆)ကို ၁၈.၆.၂၀၂၆ ရက် (ကြာသပတေးနေ့) နံနက် ၀၈:၃၀ နာရီမှ ၁၀:၀၀ နာရီ အထိ ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၀၃ ဦး တက်ရောက်ကြသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်