သတင်းများ

ပညာသင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
Post Image Post Image

ပညာသင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

          ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်နှင့် ခရိုင်အတွင်းရှိ ကျောက်မဲမြို့နယ်တရားရုံး၊ သီပေါမြို့နယ် တရားရုံး၊ နောင်ချိုမြို့နယ်တရားရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း များ၏သား/သမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ၈.၆.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျောက်မဲခရိုင် တရားရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ ကျောက်မဲခရိုင်တရားသူကြီး ဦးကျော်စိုးခိုင်နှင့် ခရိုင်အတွင်းရှိ တရားသူကြီးများ အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၇)ဦး တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် အထက်တန်းအဆင့်ကျောင်းသူ(၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ(၁၁)ဦး၊တစ်ဦးလျှင် ငွေကျပ်-၅၀၀၀ဝိ/-စီဖြင့် ကျောင်းသား/သူ စုစုပေါင်း(၁၅)ဦးအတွက် ငွေကျပ်-၇၅၀၀၀ဝိ/- ထောက်ပံ့ချီးမြှင့်ခဲ့သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်