သတင်းများ

ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ဖွင့်လှစ်ခြင်း
Post Image Post Image

ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း ဖွင့်လှစ်ခြင်း

                    ရှမ်းပြည်နယ်တရားလွှတ်တော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရက် ၁၀၀ လုပ်ငန်းစီမံချက်တွင် ပါရှိသည့် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် ၁/၂၀၂၆ ကို  ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ၊ ၇ ရက်နေ့ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်) များတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးအစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၁၆)ဦးနှင့် သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။

                   သင်တန်းဖွင့်ပွဲအခမ်းအနားကို ၆.၆.၂၀၂၆ ရက် (စနေနေ့) ၀၉:၀၀ နာရီအချိန် တွင်လည်းကောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၇.၆.၂၀၂၆ ရက်(တနင်္ဂနွေနေ့) ၁၃:၀၀ နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး ဦးစိုးမိုးအောင်၊ ဟိုပုံးမြို့နယ်တရားရုံး၊ ပင်လောင်းမြို့နယ်တရားရုံး၊ ဆီဆိုင်မြို့နယ် တရားရုံးတို့မှ တရားသူကြီးများနှင့် သင်တန်းသား/သင်တန်းသူ(၁၆)ဦး၊ စုစုပေါင်း(၂၁)ဦး တက်ရောက် ခဲ့သည်။

အခမ်းအနားတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး  ဦးစိုးမိုးအောင်က  

အမှာစကားပြောကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် တရားသူကြီးများက သင်တန်း တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ သင်တန်းဆင်းမှတ်တမ်းလွှာများ ပေးအပ်ခြင်း ပြုလုပ်၍ အခမ်းအနားကို ၁၃:၄၅ နာရီအချိန်တွင် ရုပ်သိမ်းသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်