ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း များ၏သား/သမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ၅.၆.၂၀၂၆ ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်မော်နှင့် တရားလွှတ်တော်တရားသူကြီး ဒေါ်သူဇာအောင် အပါအဝင် အရာထမ်း၊ အမှုထမ်း၊ ကျောင်းသား/သူ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တက္ကသိုလ်အဆင့်ကျောင်းသား/သူ(၉)ဦးကို တစ်ဦးလျှင်ငွေကျပ်-၈၀၀၀ဝိ/-၊ အထက်တန်းအဆင့်ကျောင်းသား/သူ(၅)ဦးကို တစ်ဦးလျှင် ငွေကျပ်- ၇၀၀၀ဝိ/- ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၂)ဦးကို တစ်ဦးလျှင် ငွေကျပ်- ၆၀၀၀ဝိ/- ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၇)ဦး၊ တစ်ဦးလျှင် ငွေကျပ်- ၅၀၀၀ဝိ/- ဖြင့် ကျောင်းသား/သူ စုစုပေါင်း(၃၃)ဦးအတွက် ငွေကျပ်-၂၁၄၀၀၀ဝိ/- ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်