သတင်းများ

သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ပို့ချခြင်း
Post Image Post Image

သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ပို့ချခြင်း

                    ရှမ်းပြည်နယ်တရားလွှတ်တော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရက် ၁၀၀ လုပ်ငန်းစီမံချက်တွင် ပါရှိသည့် သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၁/၂၀၂၆ ကို  ၂၆.၅.၂၀၂၆ ရက်နေ့မှ ၂၇.၅.၂၀၂၆ ရက်နေ့အထိ မိုင်းတုံခရိုင်တရားရုံး အစည်းအဝေးခန်းမ၌ တရားရေးအရာရှိ(၁)ဦး၊ အမှုထမ်း(၄)ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ(၅)ဦးဖြင့် သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။

                   သင်တန်းတွင် မိုင်းတုံခရိုင်တရားရုံးနှင့် မိုင်းတုံမြို့နယ်တရားရုံးမှ  တရားရေးအရာရှိနှင့် ခရိုင်၊ မြို့နယ်တရားရုံးတို့မှ အမှုထမ်းများအား အများပြည်သူတို့နှင့် ဆက်ဆံပြောဆိုမှု တိုးတက် စေရန်၊ တရားရုံးများတွင် အများပြည်သူဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် ခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက တရားရုံးသတင်းမီဒီယာလက်စွဲ၊ သတင်းမီဒီယာဥပဒေ၊ သတင်းပြန်ကြားရေးအရာရှိနှင့် သတင်းထောက်များ လိုက်နာရမည့်အချက် များ၊ လက်တွေ့လေ့ကျင့်ခန်းသင်ခန်းစာများ သင်ကြားပို့ချပါသည်။

                  

ရှမ်းပြည်နယ်တရားလွှတ်တော်