တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းဖွင့်လှစ်ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရက် ၁၀၀ လုပ်ငန်းစီမံချက်တွင် ပါရှိသည့် တရားရုံးဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် ၁/၂၀၂၆ ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ၊ ၁၇ ရက်နေ့ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်) များတွင် ရှမ်းပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၁၆)ဦးနှင့် သင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၆.၅.၂၀၂၆ ရက် (စနေနေ့) ၀၈:၀၀ နာရီအချိန် တွင်လည်းကောင်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ၁၇.၅.၂၀၂၆ ရက်(တနင်္ဂနွေနေ့) ၁၆:၃၀ နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်စန္ဒာအောင်၊ ဦးအောင်မော်၊ ဒေါ်သူဇာအောင်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ ရှမ်းပြည်နယ်တရား လွှတ်တော်နှင့်တောင်ကြီးခရိုင်တရားရုံး၊ တောင်ကြီးမြို့နယ်တရားရုံးမှ တရားသူကြီးများ၊ တရားရေး အရာရှိများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က အမှာစကား
ပြောကြားခဲ့ပြီး သင်တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပါသည်။ ၎င်းနောက် ပြည်နယ်တရားရေးဦးစီးမှူးက သင်တန်းဆင်းမှတ်တမ်းလွှာများ ပေးအပ်၍ အခမ်းအနားကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်