သတင်းများ

ကြန့်ကြာမှုခင်းများနှင့်စပ်လျဉ်း၍ ကျင်းပပြုလုပ်သည့် အစည်းအဝေး
Post Image

 ကြန့်ကြာမှုခင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည့် အစည်းအဝေးအား (၂၇.၅.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ တရား လွှတ်တော်တရားသူကြီးဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန္တာရှင်၊ တောင်ကြီးခရိုင်တရားသူကြီးဒေါ်စန္ဒာအေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်ခင်စိုးညွှန့်၊ ရှမ်းပြည်နယ် တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်အတွင်းမှ တရားရေးအရာရှိများနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တရားရေးအရာရှိများ စုစုပေါင်း (၂၆)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ကြန့်ကြာမှုခင်းများနှင့်ပတ်သက်၍ အချုပ်တရားခံပါရှိသော (၆)လ/ (၁)နှစ်ထက် ကြန့်ကြာသောအမှုများအား အမြန်စစ်ဆေးရန်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်များရှိကာ တရားခံများအခွင့်အရေးရရှိစေရန်အတွက် ကြန့်ကြာအမှုများအား ဦးစားပေးစစ်ဆေးဆောင်ရွက်ရန်၊ ကြန့်ကြာအမှုများစစ်ဆေးရာတွင် Covid -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်၊ သက်သေများလာရောက်ခြင်းမရှိပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ( ၂၃.၁၁.၂၀၁၅ ) ရက်စွဲပါ ညွှန်ကြားချက်နှင့် အညီဆောင်ရွက်ရန်၊  မိမိတစ်ဦးတစ်ယောက်ထဲအနေဖြင့်  မဆောင်ရွက်နိုင်ပါက ကြန့်ကြာမှုခင်းပြီးပြတ်ရေး ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ကြန့်ကြာမှုခင်းများ စစ်ဆေးမှုအခြေအနေ၊ ပြီးပြတ်မှုအခြေအနေများကို အချိန်နှင့်တပြေးညီပြန်လည်တင်ပြရန်၊ တောင်ကြီးခရိုင်အတွင်းရှိ တရားရုံးများအနေဖြင့် တစ်နှစ်အထက်ကြန့်ကြာမှုခင်းများ၏ ရောက်ရှိအဆင့်နှင့်အမှုစစ်ဆေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအားမေးမြန်းပြီး ဆောင်ရွက်ရမည့်အချက်များကို  ရှင်းလင်းညွှန်ကြားပါသည်။ ထို့နောက်အချုပ်တရားခံပါ ( ၆ )လကျော်အမှုများကို ဦးစားပေးစစ်ဆေးသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ်မှ ကြန့်ကြာမှုခင်းများအား ပြည်နယ် တရားသူကြီးချုပ်၏ လမ်းညွှန် ညွှန်ကြားချက်နှင့်အညီ စောင့်ကြည့်မေးမြန်းသွားမည်ဖြစ်ပြီး ယခုကာလသည် အရေးပေါ်ကာလဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ ဆက်စပ်တရားစွဲအဖွဲ့အစည်းများနှင့် သိမ်သိမ်မွေ့မွေ့ဆက်ဆံရန်၊ ပါးပါးနပ်နပ်နေထိုင်ရန်နှင့် အမှုတွဲခန်းကြီးကြပ်သူအရာရှိများ အနေဖြင့် ဆုံးဖြတ်ပြီးအမှုတွဲများအား အမှုတွဲခန်းသို့ပေးပို့နိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တရားသူကြီးများက ကြန့်ကြာမှုခင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်တရားသူကြီးချုပ် မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နံနက်(၁၁:၀၀)တွင် ရုတ်သိမ်းခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်



နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ