အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ် ၆၈ နှင့်အညီ ၂၁.၅.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်စိုးမာအေးနှင့် ပင်းတယမြို့နယ်တရားသူကြီး ဒေါ်ဝတီလှိုင်းအိ တို့လိုက်ပါလျက် ပင်းတယမြို့မရဲစခန်းအား ကြည့်ရှုစစ်ဆေးပြီး ရဲစခန်းအချုပ်၌ အချုပ်တရားခံများ ပိုမိုများပြားနေမှု ရှိ/မရှိ၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေမှု အခက်အခဲ များကို စုံစမ်းမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါ အခွင့်အရေးများရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိ/မရှိစသည်တို့ကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်