သတင်းများ

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
                    
        ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ် ၆၈ နှင့်အညီ ၁၁.၅.၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးစည်သူဝင်းနှင့် မိုင်းပျဉ်းမြို့နယ်တရားသူကြီး ဦးအောင်မင်းထွန်း တို့လိုက်ပါလျက် မိုင်းပျဉ်းမြို့မရဲစခန်းအားလည်းကောင်း၊ ၁၂.၅.၂၀၂၅ ရက်နေ့ ၀၈:၀၀ နာရီ အချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးစည်သူဝင်းနှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးမဟာဗလ တို့လိုက်ပါလျက် ကျိုင်းတုံအကျဉ်းထောင်အားလည်းကောင်း၊ ဆက်လက်၍ ၀၉:၃၀ နာရီအချိန်တွင် ကျိုင်းတုံမြို့မရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ၁၂:၀၀ နာရီ အချိန်ခန့်တွင် မိုင်းယန်းခရိုင်တရားသူကြီး ဦးထွန်းကျော်နှင့် မိုင်းယန်းမြို့နယ်တရားသူကြီး ဦးဇော်ထက်အောင် တို့လိုက်ပါလျက် မိုင်းယန်းမြို့မရဲစခန်းအားလည်းကောင်း၊ ယင်းနေ့ ၁၅:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးစည်သူဝင်းနှင့် မိုင်းခတ်မြို့နယ်တရားသူကြီး ဦးရဲသူ တို့လိုက်ပါလျက် မိုင်းခတ်မြို့မရဲစခန်းအားလည်းကောင်း၊ ၁၃.၅.၂၀၂၅ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် နမ့်စန်ခရိုင်တရားသူကြီး ဦးဇင်လင်းသန့်နှင့် ကွန်ဟိန်းမြို့နယ် တရားသူကြီး ဦးသုထက်နောင် တို့လိုက်ပါလျက် ကွန်ဟိန်းမြို့မရဲစခန်းအားလည်းကောင်း၊ ၁၄.၅.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် မိုင်းရှူးခရိုင်တရားသူကြီး ဦးအောင်ကျော်ဆန်း နှင့် မိုင်းရှူးမြို့နယ်တရားသူကြီး ဦးခန့်ဇော်နိုင် တို့လိုက်ပါလျက် မိုင်းရှူးမြို့မရဲစခန်းအား လည်းကောင်း၊ ၁၅.၅.၂၀၂၅ ရက်နေ့ ၀၈:၀၀ နာရီအချိန်တွင် နမ့်စန်ခရိုင်တရားသူကြီး ဒေါ်ကေသီဝင်းနှင့် နမ့်စန်မြို့နယ်တရားသူကြီး ဒေါ်ဖြိုးကေသီလှိုင် တို့လိုက်ပါလျက် နမ့်စန် မြို့မရဲစခန်းအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး၊ အကျဉ်းထောင်များ စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင် စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံ/ ပြင်ဆင်တက်ရောက်ရန် အခွင့်အရေးရရှိမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက်  ပိုမိုဂရုစိုက် စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

ရှိ/မရှိစသည်တို့ကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ရဲစခန်း အချုပ်ခန်းများ စစ်ဆေးရာတွင် ရဲစခန်းအချုပ်၌ အချုပ်တရားခံများ ပိုမိုများပြားနေမှု ရှိ/မရှိ၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေမှု အခက်အခဲများကို စုံစမ်းမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီ ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက်  ပိုမိုဂရုစိုက် စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိ/မရှိစသည်တို့ကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်