သတင်းများ

မူပိုင်ခွင့်ချိုးဖောက်မှုများ တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ( Awareness Seminar For IPRs Enforcement ) အခမ်းအနား တက်ရောက်ခြင်း
Post Image Post Image

မူပိုင်ခွင့်ချိုးဖောက်မှုများ တာဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ
( Awareness Seminar For IPRs Enforcement ) အခမ်းအနား တက်ရောက်ခြင်း

    ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးသင်တန်းကျောင်း (Judicial College) ၌ ၂၂.၂.၂၀၂၅ ရက် (စနေနေ့)၊ (၁၂း၀၀)နာရီမှ (၁၇:၃၀) နာရီအထိ ကျင်းပပြုလုပ်သည့် မူပိုင်ခွင့် ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ( Awareness Seminar For IPRs Enforcement ) အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရာသူကြီးချုပ်နှင့် တရားလွှတ်တော်တရာသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ တောင်ကြီးခရိုင်နှင့် ကလော ခရိုင်တရားရုံး၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ လွိုင်လင် မြို့နယ်နှင့် မိုင်းရှူးမြို့နယ်တရားရုံးများမှ တရားသူကြီးများသည် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌လည်းကောင်း၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ သည် Video Conferencing စနစ်ဖြင့်လည်ကောင်း တက်ရောက်ခဲ့ကြရာ စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ကြသည်။