သတင်းများ

(၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပခြင်း
Post Image Post Image

(၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပခြင်း
        ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ / ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ၂၃.၂.၂၀၂၅ ရက် (တနင်္ဂနွေနေ့) နံနက် (၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
        ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကားပြောကြားရာ၌  လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏မှာကြားချက်များအား ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများ သိရှိလိုက်နာနိုင်ရေးအတွက် ထပ်ဆင့် ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လမ်းညွှန်မှာကြားချက်များ နှင့်ပတ်သက်၍ တရားသူကြီးများ၊ တရားရေးအရာရှိများ၊ အမှုထမ်းများအားလုံးက တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အထက်အောက် အပြန်အလှန် လေးစားရန် လိုအပ် ကြောင်း၊ အများပြည်သူ ယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင်စေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။
        ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေး ဦးစီးမှူးတို့က (၂၈)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီမံရေးရာ၊ ဘတ်ဂျက်နှင့်ထောက်ပံ့၊ လေ့ကျင့်ရေးအစရှိသည့် ဌာနများမှ မှာကြားချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။
        အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပြီး ခရိုင်တရားရုံးများနှင့် မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြရာ စုစုပေါင်း တရားရေးအရာရှိ (၉၈)ဦး တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်