သတင်းများ

တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်း
Post Image Post Image Post Image Post Image

တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်ခြင်း
      

          ရှမ်းပြည်နယ်တရားလွှတ်တော်၏ ၂၀၂၄ ခုနှစ် သင်တန်းစီမံချက်အရ တရားရုံး ဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) အခမ်းအနားကို  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ( ၇ ၊ ၈ )ရက်နေ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
        သင်တန်းဖွင့်ပွဲအခမ်းအနားကို ၇.၁၂.၂၀၂၄ ရက် (စနေနေ့) (၀၉:၀၀)နာရီ အချိန် တွင်ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ၈.၁၂.၂၀၂၄ ရက်(တနင်္ဂနွေနေ့) (၁၅:၀၀) နာရီအချိန်တွင် ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်စန္ဒာအောင်၊ ဦးအောင်သိန်း၊ ဒေါ်နန်းမေယဉ်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိ သင်တန်းဆရာ၊ဆရာမများ၊ အရာထမ်းများနှင့် သင်တန်းသားများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော်  တရားသူကြီးချုပ်က  အမှာစကား 
ပြောကြားခဲ့ပြီး သင်တန်း၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့် ခဲ့သည်။ ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်၍ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး အခမ်းအနားကို (၁၅:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

ရှမ်းပြည်နယ်တရားလွှတ်တော်