သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် တောင်ကြီးအချုပ်ထောင်နှင့် ညောင်ရွှေအကျဉ်းထောင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေး
Post Image Post Image

 

ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင် တောင်ကြီးအချုပ်ထောင်နှင့် ညောင်ရွှေအကျဉ်းထောင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေး

                                                                                                        

                    ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ် ၆၈ နှင့်အညီ ၂၉.၁၁.၂၀၂၄ ရက်နေ့၊ ၀၈:၃၀ နာရီ အချိန်တွင် ဒုတိယညွှန်ကြားရေးမှူး(ရုံးအဖွဲ့မှူး) ဦးဆန်းထွန်းဦး၊ တောင်ကြီးခရိုင် တရားသူကြီး ဒေါ်ဝေဝေလွင်နှင့် တောင်ကြီးမြို့နယ်တရားသူကြီး ဒေါ်သင်းသီရိဝင်းတို့ လိုက်ပါလျက် တောင်ကြီးအချုပ်ထောင်အားလည်းကောင်း၊ ယင်းနေ့ ၁၀:၃၀ နာရီအချိန်တွင် ညောင်ရွှေအကျဉ်းထောင်အားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေ ချောမွေ့မှုရှိ/မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေး အရ အယူခံ/ပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသား များအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါ အခွင့်အရေးများရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိရေးစသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်