သတင်းများ

သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ပို့ချခြင်း
Post Image Post Image Post Image

 

သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်ပို့ချခြင်း

                    ရှမ်းပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများအား ၉.၁၁.၂၀၂၄ ရက် ( စနေနေ့ ) တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်ပို့ချခဲ့ပါသည်။

                    ရှေးဦးစွာ ရှမ်းပြည်နယ်တရားလွှတ်တော်၊  ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်က အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများ အနေဖြင့် သတင်းမီဒီယာသမားများနှင့်တွေ့ဆုံကြသည့်အခါ  တရားရုံးသတင်းမီဒီယာလက်စွဲအား ကောင်းစွာသိရှိ လိုက်နာနိုင်စေရေးအတွက် ယခုသင်တန်းအား ဖွင့်လှစ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လမ်းညွှန်မှာကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက် သွားရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

                        ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်က သတင်းမီဒီယာဆက်ဆံရေး သီအိုရီပိုင်းဆိုင်ရာဘာသာရပ်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်မိုးက တရားရုံးသတင်းမီဒီယာလက်စွဲ၊ အင်တာဗျူးနှင့် Press Conference  ဆိုင်ရာဘာသာရပ်ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြပါသည်။

                    အဆိုပါ သတင်းမီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်းသို့ ရှမ်းပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း တရားရေးအရာရှိ (၈၉)ဦး တက်ရောက်ခဲ့ကြပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်