ရှမ်းပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများ ၏ သား/သမီးများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ( ၂၇.၅.၂၀၂၁ ) ရက်နေ့ နံနက် ( ၉:၃၀ ) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ တရားလွှတ်တော် တရားသူကြီးဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီးဦးအောင်သိန်း၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်နန်းမေယဉ် တို့အပါအဝင် တရားရေးအရာရှိများနှင့်ဝန်ထမ်းများ၊ ပညာသင်ကျောင်းသား/သူများ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် တက္ကသိုလ်အဆင့်ကျောင်းသား/သူ( ၁ )ဦးလျှင်ကျပ် (၂၅၀၀ဝိ/-) စီ၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ကျပ်(၂၀၀၀ဝိ/-) စီ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁)ဦးလျှင် ကျပ် (၁၅၀၀ဝိ/-) စီ၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁) ဦးလျှင် ကျပ် (၁၀၀၀ဝိ/-) စီဖြင့် ကျောင်းသား/သူ စုစုပေါင်း(၂၂)ဦးအား ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား ရာတွင် ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ရေးအတွက် ငွေပဒေသာပင်စိုက်ထူပြီး ထိုငွေကြေးမှရရှိသော အတိုးအမြတ်များကို ပညာသင်စရိတ်အဖြစ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ထောက်ပံ့သောငွေကြေးမှာ အလုံးအရင်းနှင့်မဟုတ်ဘဲ နည်းပါးသော်လည်း မိဘများအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေကြေးမှာနည်းပါးသော်လည်း စိတ်ဓါတ်ခွန်အားပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စေတနာကိုတုံ့ပြန်သောအားဖြင့် ဝန်ထမ်းများသည် မိမိတို့၏သား/သမီးများအား လူချွန်လူကောင်းများဖြစ်စေရေး၊ အကျင့်စာရိတ္တမြင့်မားသူများဖြစ်စေရေး၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံတော်နှင့်နိုင်ငံ့အကြီးအကဲများ၊ ဌာနအကြီးအကဲများ၏စေတနာကို အသိအမှတ်ပြုကာ ကျေးဇူးပြန်ဆပ်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်
_1625751258.jpg)
_1625751299.jpg)
_1625751324.jpg)
_1625751353.jpg)
_1625751380.jpg)
_1625751409.jpg)